ဧပြီ ၂၆၊ VOR
ဖာပွန်ဒေသအခြေစိုက် ခမရ(၄၃၄)/စစန(၆၄၂)တို့ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားခဲ့သလို လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိကြောင်းကေအဲယူ-မူတြော် သတင်းစဥ်က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၄ရက် နံနက် ၀၄း၀၀နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDOစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်ကြသည့် ပြည့်သူ့ကာကွယ်ရေးတပ်-PDF, ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော်-BPLAမှ ဖာပွန်ဒေသအခြေစိုက်ခမရ(၄၃၄)/စစန(၆၄၂)တို့ကို တစ်ရက်တည်းအပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိသော်လည်း စာရင်းအတိအကျကိုမူ စစ်ပူကာလအတွင်းရေတွက်၍မရသေးသဖြင့် များမကြာမီအချိန်တွင် အလျဥ်းသင့်လျှင် အသေးစိတ်ဖေါ်ပြပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေ့တန်းစစ်မျက်နှာအတွင်းရှိ ဗိုလ်အယ်ခူစိုးမှ လုံခြုံရေးအရ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့်လုပ်ငန်းများအပေါ် လုပ်ငန်းဖြစ်မြောက်ခဲ့သမျှကိုဖော်ပြရန်မသင့်သေးသော်လည်း ပြည်သူများ စိတ်ကုန်လက်ပန်းကျစရာအကြောင်းအရာများကို တွေ့နေရသဖြင့် ဖေါ်ပြပေးရခြင်းဖြစ်သည်ဟု ဆိုသည်။
“အခု ကျွန်တော်တို့တစ်တွေသွားနေတာက စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ နေ့နေ့ညညတိုက်ပွဲဝင်နေပါတယ်ဆိုတာကို ပြည်တွင်း၊ နယ်စပ်၊ ပြည်ပမှာရှိနေကြတဲ့ ကရင်ပြည်သူတွေရော တိုင်းရင်းသားပြည်သူတွေအားလုံးကိုပြောချင်ပါတယ်။ ရှိရှိသမျှငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား အားလုံးပါဝင်ပေးဆပ်ကြသူတွေကိုပြောချင်တာက ဒွိဟသံသယမဖြစ်ကြပါနဲ့ စိတ်ဓာတ်ကျဆုံးမှုတစ်စုံတစ်ရာမဖြစ်ကြပါနဲ့”ဟု ဗိုလ်အယ်ခူစိုးမှ ပြောသည်။
စစ်ကောင်စီစခန်းနှစ်ခုမကျဆုံးမီနှင့် ကျဆုံးသွားပြီးနောက်ပိုင်း မူတြော်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်လုံးအတွင်း တိုက်လေယာဥ်ဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းလေယာဥ်ဖြင့်တိုက်ခိုက်ခြင်းအား ယခင်ကထက်ပိုမိုတိုက်ခိုက်လာလင့်ကစား ကျင့်သားရအပြစ်မဲ့ပြည်သူများတစ်ဦးတစ်ယောက်မျှသေကြေထိခိုက်မှုမရှိကြောင်း အတည်ပြုသိရှိရသည်။
လက်ရှိ ဖာပွန်တွင် စစ်ကောင်စီ၏ တပ်ရင်း ၂ ခုဖြစ်သော ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းနှင့် ဗျူဟာစခန်းတစ်ခုတို့ ကျန်ရစ်နေဆဲဖြစ်ပြီး ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ