ဧပြီ ၂၅၊ VOR
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ကိုးကန့်တပ် – MNDAA က ပထမဆုံးအကြိမ်အဖြစ် အမျိုးသား ၇ ဦးကို အများပြည်သူ ရှေ့မှောက်တွင် ယမန်နေ့ ဧပြီ ၂၄ ရက်တွင် သေဒဏ်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ သေဒဏ်ပေးခံရသူများသည် ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ အဓမ္မငွေကြေးတောင်းခံမှုများကို ကျူးလွန်ခဲ့သူများဖြစ်ကြောင်း သိရသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသကို စစ်ကောင်စီတပ်ထံမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄ခုနှစ် ဇန္နဝါရီလမှ စတင်ကာ ကိုးကန့်ဒေသကို MNDAA က စတင်အုပ်ချုပ်ခဲ့သည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်