ဧပြီ ၂၅၊ VOR
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ ကုက္ကဲရဲစခန်းအတွင်း အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စခန်းအား သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်သည်။
ယနေ့နံနက်တွင်မြင်းခြံမြို့နယ် ၊ ကုက္ကဲရဲစခန်းအတွင်း အခြေစိုက်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းရာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားများအထိအခိုက်များကာ ကုက္ကဲရွာကို အကာအကွယ်ယူပြီး မြင်းခြံကပစဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ဖွဲ့များမှ ရန်သူ့စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွင် MA 1 ၁လက် ၊ ကျည်ဘောက် ၁ ဘောက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည် ။
အဆိုပါစစ်ဆင်ရေးကို အမှတ်(၈၁၅)တပ်ဖွဲ့-PLA (အနောက်မြောက်စစ်ဒေသ) ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ – PLA စုပေါင်းအင်အား ၊ မြင်းခြံ 35 တပ်ဖွဲ့ ၊ Burmese Guerrilla Force – BGF ၊ KGတပ်ဖွဲ့ တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်