Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
September 5, 2026

ထိုင်း-မြန်မာ နယ်စပ် ထားဝယ်အခြေစိုက် မောထစစ်ကောင်စီတပ်စခန်း ကို KNLA ပူးပေါင်းတပ်များသိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

ထိုင်း-မြန်မာ နယ်စပ် ထားဝယ်အခြေစိုက် မောထစစ်ကောင်စီတပ်စခန်း ကို KNLA ပူးပေါင်းတပ်များသိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

ဧပြီ ၂၅ ၊ VOR

တနင်သာရီတိုင်း၊ ထား၀ယ်မြို့နယ်က မောထ စစ်ကောင်စီအခြေစိုက် စခန်းက စစ်သားများ စွန့်ခွါထွက်ပြေးသွားတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ PDF ပူးပေါင်း တပ်များက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ ထားဝယ်မြို့နယ်၊ မောထစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များက ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာပါ။

စစ်အင်အား ၄၀ထက်မနည်းရှိတဲ့ မြိတ်အခြေစိုက် ခလရ ၁၇ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားတဲ့ အဲ့ဒီစခန်းက စစ်သားတွေဟာ KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စခန်းစွန့်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရပါတယ်။၊

အဲ့ဒိစခန်းကနေ လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိထားတယ်လို့ KNLA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

You may have missed