Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
January 12, 2026

AA အကူအညီဖြင့် “ချင်းညီနောင် စစ်ဆင်ရေး” ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်၊ မြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြှင့်တိုက်ခိုက်မည်ဟုဆို

AA အကူအညီဖြင့် “ချင်းညီနောင် စစ်ဆင်ရေး” ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်၊ မြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြှင့်တိုက်ခိုက်မည်ဟုဆို

ဧပြီ ၂၄၊ VOR

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာရက္ခတပ်တော် AA ၏ အကူအညီဖြင့် “ချင်းညီနောင် စစ် ဆင်ရေး”အဖြစ် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ယနေ့ ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

“ချင်းညီနောင် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်နေသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီမှ မည်မျှပင် အင်အားဖြည့်တင်းပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်စေကာမူလုံးဝ နောက်ဆုတ်မည် မဟုတ်ကြောင်း ချင်းညီနောင်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး မြို့သိမ်းတိုက် ပွဲတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် (AA) ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်အဖွဲ့တွင် PDF – Zoland ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ CDF – မင်းတပ်၊ မရာလဲန်းကာကွယ်ရေးအဖွဲ့ (MDF)၊ CDF- ကန်ပက်လက်နှင့် CDF – မတူပီ၏ တပ်မဟာ (၁) တို့ ပါဝင်သည်။

You may have missed