Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

အာဠာဝကစစ်ကြောင်းထံ စစ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာသဖြင့် ဆုငွေကျပ်သိန်း ၃၀ ချီးမြှင့် ၎င်းဆန္ဒအတိုင်း လွတ်မြောက်နယ်မြေ ပို့ဆောင်

ဧပြီ ၂၄ ၊ VOR

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊အာဠာဝကစစ်ကြောင်းထံ စစ်ကောင်စီတပ်မှ စစ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာသဖြင့် ဆုငွေကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်နေ့တွင် လက်နက်နှင့်အတူ အလင်းဝင်လာ​သည့် အဆိုပါ စစ်သားကို အာဠာဝကစစ်​ကြောင်း၏ စစ်​ကြောင်းမှူး မန်းထူးကျော်က ဂုဏ်ပြု ချီးမြှင့်​ငွေ သိန်း (၃၀) ကျပ် ​ပေးအပ်ချီးမြှင့်ခဲ့ပြီး ၎င်း၏ ဆန္ဒအတိုင်း လွတ်​မြောက်နယ်​မြေ တစ်​နေရာသို့ ပို့​ဆောင်​ပေးခဲ့ ကြောင်း သိရသည်။

You may have missed