ဧပြီ ၂၄၊ VOR
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဖလံကိုင်းကျေးရွာမှ ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေ ဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ စစ်ကြောင်းဗျူဟာမှူးအပါအဝင် အများအပြား ဒဏ်ရာရရှိသွား ကြောင်း Myaing Underground Defense Force – MUGDF က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၁ ရက်နေ့တွင် ဖလံကိုင်းနယ်မြေ ရဲစခန်းကို စွန့်ခွာလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ဦးသေ ဆုံးပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကာ စစ်ကောင်စီတပ်က MI35 ဖြင့် လေကြောင်း တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ရပ်နားခဲ့ရကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း( ၁) ၊ ပခုက္ကူခရိုင်၁ တပ်ရင်း( ၂ ) ၊ ပခုက္ကူခရိုင် တပ်ရင်း( ၆ )၊ ပခုက္ကူခရိုင် တပ်ရင်း( ၇ ) ၊ ပခုက္ကူခရိုင် တပ်ရင်း( ၁၄ ) ၊ ပခုက္ကူခရိုင် တပ်ရင်း( ၁၇ ) အပြင် မဟာမိတ်တပ်ပေါင်းစုဖြစ်သည့် ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ MUGDF ၊ Janes Bond တပ်ဖွဲ့ နဲ့ မြိုင်မြို့နယ် ပကဖတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်စစ်ကြောင်းကို ဖလံကိုင်းနှင့် စက်မှု ၂ အကြား မိုင်း ၃ လုံးနှင့် တိုက်ခိုက်ခဲ့ရာ ၂ ဦးသေ ဆုံးပြီး အကြမ်းဖက်စစ်ကြောင်း ဗျူဟာမှူး အပါအဝင် အများအပြား ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုအပြီး G3 ကျည်အိမ် ၁ခု၊ MA1 ကျည်အိမ် ၂ခု၊ G3 ကျည် ၂၀၉တောင့် ၊ ၅.၅၆ ကျည် ၁၄၈တောင့် ၊ ၉မမကျည် ၁၉၅ တောင့် သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်တပ်ပေါင်းစုများ ဖြစ်သည့် MUGDF ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊James Bond တပ်ဖွဲ့ တို့အပြင် ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပကဖတပ်ရင်း ၁ တပ်ခွဲ ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်