ဧပြီ ၂၄ ၊ VOR
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဆင်မင်းစစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနှင့် ပျူစောထီး ၁၅ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။
မြင်းခြံမြို့နယ် မြောက်ဘက်၊ ဧရာဝတီ မြစ်ကမ်းဘေးရှိ စစ်သားနှင့် ပျူစောထီး ၆ဝ ခန့် အထိုင်ချ တပ်စွဲထားသည့် ကြည်ရွာရှီ စစ်ကောင်စီတပ်စခန်းကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ဧပြီလ ၂၀ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကြည်ရွာ စခန်းသိမ်းတိုက်ပွဲ ကြာချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သားနှင့် ပျူ စောထီး ၁၅ဦးသေဆုံးကာ ၅ ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ပြီး စခန်းကို တော်လှန်ရေးရဲဘော်များက ရှင်းလင်းရေး ပြုလုပ်နေချိန် ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သင်္ဘောနှင့် တပ်ကူများ ရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်မှ စစ်ဆင်ရေးအရာရှိ ရဲဘော် အာကာမင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ စစ်အုပ်စုထံမှ ၆ဝ မမ အထိုင်ပြောင်း ၁ လက် ၊ ၆ဝ မမ ဗုံးသီး ၉ လုံး၊ MA 3 ၂ လက်၊ ၅.၅၆ ကျည် ၁၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း (PDF – Taloke, MGN Tiger, Myingyan Ranger, MGN 21) ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ Burmese Guerrilla Force – BGF (Myingyan) ၊ Myingyan District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့)၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ MP9 ၊ Myingyan Danger Dynamite နှင့် မိုင်းဇာနည်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်