ဧပြီ ၂၃၊ VOR
ကရင်ပြည်နယ် ၊ ကော့ကရိတ်ခရိုင်အတွင်း စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့် ထိတွေ့တိုက်ပွဲများတွင် အဆိပ်ငွေ့ပါဝင်သည့် drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြေင်း ကျားဖြူစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၀ရက်နေ့တွင် ယင်းသို့ drop bomb များဖြင့် ကြဲချခြင်းခံရသော ရဲဘော်များသည် အသက်ရှူကြပ်ခြင်း ၊ မူးဝေ ၊ အော့အန် ခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် အမြင်အာရုံဝေဝါးလာပြီး ရုတ်တရက် အင်အားချိနဲ့လာကာ အသက်အန္တရာယ် ထိခိုက်လာနိုင်အထိ လူမဆန်သော ဥပဒေမဲ့ လုပ်ရပ်များကို အကြမ်း၊ဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သည်ကို မှတ်တမ်းတင်ကြောင်း ဖော်ပြထားသည်။
ကရင်ပြည်နယ် မြဝတီတို့မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်မည်ကို စိုးရိမ်ပြီး စစ်ကောင်စီက အောင်ဇေယျအမည်ပေးကာ စစ်အင်အားအများအပြားသုံးပြီး ချီတက်လာသဖြင့် လမ်းတလျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

https://www.facebook.com/VORLiveNews/videos/1168881780823844

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်