ဧပြီ ၂၂၊ VOR
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီလ ၂၁ရက် နံနက်ပိုင်းတွင် မြဝတီမြို့မှ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း NUG လူသားစာနာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အိမ်ထောင်စု (၂၅၀) အတွက် နှစ်ယောက်အိပ်ဖျာ (၁၀၀) ချပ်၊ ယပ်တောင် (၅၀) ခု၊ ကလေး Diaper (၁၀၀) ခု၊ ငါးသေတ္တာ၊ ပေါင်မုန့်၊ မုန့်၊ Tissue၊ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ ဆပ်ပြာနှင့် ခြင်ဆေးခွေ စသည်တို့ကို သွားရောက်ပံ့ပိုးခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ၊ အသက်အိုးအိမ် စည်းစိမ်တို့အား ပစ်မှတ်ထားပြီး လေကြောင်းမှ စစ်လက်နက်ကြီးများဖြင့် နေ့ရောညပါ ဗုံးကျဲတိုက်ခိုက်ခြင်းများကြောင့် ဒေသခံပြည်သူများသည် တက်ခ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ စွန့်ခွာထွက်ပြေးတိမ်းရှောင်ရလျက်ရှိသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်