Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
October 31, 2025

မြ၀တီမြို့၊ အမှတ် ၂ တံတား ဝန်းကျင်ကို ယနေ့နံနက် စစ်တပ်က ပေါင် ၅၀၀ဗုံး ၆လုံးကြဲချ

မြ၀တီမြို့၊ အမှတ် ၂ တံတား ဝန်းကျင်ကို ယနေ့နံနက် စစ်တပ်က ပေါင် ၅၀၀ဗုံး ၆လုံးကြဲချ

ဧပြီ ၂၂၊ VOR

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၂ တံတားဝန်းကျင်ကို ယနေ့ နံနက် အစောပိုင်းတွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများကြဲချသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၀၀ နာရီ ၂၅ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၄၀ မိနစ်အချိန်တွင်မြ၀တီမြို့နယ်၊ အမှတ် ၂ တံတားဝန်းကျင်ကို တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံး ၆ လုံးခန့် ကြဲချသွားကြောင်း သိရသည်။

ဗုံးကြဲမှုကြောင့် မြ၀တီတစ်မြို့လုံး တုန်ခါသွားကြောင်း၊ ဒဏ်ရာရရှိသူများကို ထိုင်းနိုင်ငံမဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မြ၀တီမြို့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် ပစ်ခတ်ခြင်းများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်နေပြီး ဧပြီ ၂၀ရက်မှ လက်ရှိအချိန်အထိ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြ၀တီမြို့အခြေစိုက် စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောဆိုမှုကို ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြထားသည်။

You may have missed