Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

စစ်​ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည့် စစ်သုံးယာဉ်များ

အောင်ဇေယျ စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး သံချပ်ကာနှင့် စက်သေနတ်တပ်ယာဥ်များ KNLA ပူးပေါင်းတပ် ရရှိ

ဧပြီ ၂၂၊ VOR

ကရင်ပြည်နယ် မြဝတီမြို့ကို စစ်ကူပေးရန် တက်လာသည့် စစ်ကောင်စီ၏ အောင်​ဇေယျအမည်ခံ စစ်ယာဥ်တန်းကို ယမန်​နေ့ ဧပြီ ၂၁ ရက်တွင် KNLA၊ PDF ပူးပေါင်းတပ်​များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံချပ်ကာနှင့် စက်သေနတ်တပ်ယာဥ်များ ရရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။

အောင်ဇေယျယာဉ်တန်းမှ သံချပ်ကာယာဥ် ၁ စီး၊ စက်​သေနတ်တပ် စစ်သုံးယာဥ် ၂ စီးအပြင် အော်လီဂန်း တစ်လက်၊ ပွိုင့်ဖွိုက် တစ်လက် သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဒေါန တောင်ခြေတစ်​နေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့သလို တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီယာဉ်တန်းဟာ ပြန်ဆုတ်သွားခဲ့ကြောင်း BAP က သတင်းဖော်ပြထားသည်၊

https://www.facebook.com/VORLiveNews/videos/1178644030118698

You may have missed