Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

ကောလင်း အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား‌ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံး

ကောလင်း အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား‌ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံး

ဧပြီ ၂၂၊ VOR

စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ဘက်ခြမ်းတွင် ယမန်နေ့ ဧပြီ ၂၁ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၈လောင်း ရရှိခဲ့ကြောင်း Kawlin People Defense Force KLPDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၅နာရီခန့်က ကောလင်းအရှေ့ခြမ်း တံဇူးရွာဘုရားကုန်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များမှ နယ်‌မြေရှင်းလင်းမှုများလုပ်ဆောင်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ရှစ်လောင်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များ အထိနာခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် ကောလင်း မြို့အတွင်းမှ စစ်ကူအင်အား ၈၀ ခန့် ရောက်ရှိလာကာ တိုက်ပွဲဆက်လက် ပြင်းထန်ခဲ့ ကြောင်းသိရသည်။

စစ်‌ကောင်စီတပ်ဘက်မှ အထိနာပြီး ဝန်းသိုတပ်ရင်းမှ ဟောင်ဝှစ်ဇာပစ်ကူနှင့် ဒရုန်းဗုံးသီးများချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တဇူးဘက်သို့ တိုးလာသော စစ်‌ကောင်စီစစ်ကြောင်းသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် ကောလင်းမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး နောက်ဆက်တွဲအခြေအနေများကို ထုတ်ပြန်မည်ဟု KLPDF က ဆိုထားသည်။

ကောလင်း အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား‌ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံး

You may have missed