ဧပြီ ၂၁၊ VOR
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် တစ်နေရာတွင် PSLF/TNLA က ဖွင့်လှစ်သည့် နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၂) ကို ယမန်နေ့ ဧပြီလ (၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က သတင်းထုတ်ပြန်သည်။
ထိုအခမ်းအနားသို့ PSLF/TNLA ၏ တွဲဖက်အထွေထွေအတွင်းရေးမှုး(၂) ဗိုလ်မှူးကြီးတာပါင်လ၊ အုပ်ချုပ်ရေး ဒုဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်နှင့် အရာရှိအရာခံများ၊ သင်တန်းသား (၂၇)ဦးနှင့် ဒေသခံမိဘပြည်သူလူထုများ လူဦးရေ (၂၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ တွဲဖက်အတွင်းရေးမှုး(၂) ဗိုလ်မှူးကြီးတားပန်လ က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဤနိုင်ငံရေးသိပ္ပံကျောင်းသည် အုပ်ချုပ်မှုစွမ်းရည်များမြှင့်တင်ပေးခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း၊ အဖွဲ့အစည်းလုပ်ငန်းများတွင် စည်းစနစ်တကျလုပ်ဆောင်နိုင်အောင် တကိုယ်စွမ်းရည်များမြှင့်တင်ပေးနေသည့်အတွက် အလွန်အရေးပါကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုကျောင်းတက်ရောက်မည့် ကျောင်းသားတစ်ဦးက ဤကျောင်းတက်ရတဲ့ရည်ရွယ်ချက်သည် နိုင်ငံရေးသိပ္ပံကျောင်းတက်ရောက်ပြီး ရရှိလာသည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိတို့ တအာင်းပြည်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အနေဖြစ် ပါဝင်အားဖြည့်လိုသည့်အတွက် တက်ရောက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ဤကျောင်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSFL/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန်၊ တအာင်းတမျိုးသားလုံးနှင့် PSLF/TNLA အတွက် နိုင်ငံရေးဆိုင်ရာဦးဆောင်နိုင်သူများ၊ လုပ်ငန်းပိုင်းဆိုင်ရာဦးဆောင်နိုင်သူများနှင့် စီးပွားရေးဆိုင်ရာကဏ္ဍတွင်ဦးဆောင်သူများ ထွက်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းအတွင်းတာဝန်ထမ်းဆောင်နေသည့် ရဲဘော်များအား နိုင်ငံရေးဆိုင်ရာအတွေးအခေါ်များ၊ တော်လှန်ရေးဆိုင်ရာအတွေးအခေါ်များ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေးအခေါ်များ မြှင့်တင်ပေးသောအားဖြင့် ထိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ