Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
October 30, 2025

လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာသူအား ဆုကြေးငွေ ဘတ် ၈သောင်း ချီးမြှင့်

လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာသူအား ဆုကြေးငွေ ဘတ် ၈သောင်း ချီးမြှင့်

ဧပြီ ၂၁၊ VOR

စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး တစ်ဦး လက်နက်ခဲယမ်းများနှင့် KNLA နှင့် SOFတော်လှန်ရေးပူးပေါင်းအဖွဲ့ထံ အလင်းဝင်လာ သဖြင့် ဆုကြေးငွေချီးမြှင့်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOFက သတင်းထုတ်ပြန်သည်။

မတ်လ ၁၅ ရက်နေ့ မဲသရောထတိုက်ပွဲမစခင် တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ် (၁) လက်၊ ၄၀မမ ဗုံးသီး (၁၀)လုံး၊ ၅.၅၆ ကျည် (၂၀၀) ဖြင့် KNLA နှင့် SOFတော်လှန်ရေးပူးပေါင်းအဖွဲ့သို့ လက်နက်ချအလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်များဖြင့် အလင်းဝင်လာသည့် တပ်ကြပ်ကြီး သက်နိုင်ဦးအား မြန်မာငွေကျပ် သိန်းရှစ်ဆယ်နှင့်ညီမျှသော ဆုကြေးငွေ ဘတ်ရှစ်သောင်း (80000 Baht) ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသူ တပ်ကြပ်ကြီး သက်နိုင်ဦးအား ဆုကြေးငွေအပြင် နေထိုင်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။

အခြား စစ်ကောင်စီတပ်ဘက်မှ မည်သူမဆို SOF သို့ ဆက်သွယ်၍ လာရောက်ပူးပေါင်းပါက ထိုက်ထိုက်တန်တန် ဆုကြေးငွေများ ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

You may have missed