Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

တော်လှန်ရေး ပူးပေါင်းတပ်များ ကော့ကရိတ်မြို့မှ ယာယီဆုတ်ခွာ

တော်လှန်ရေး ပူးပေါင်းတပ်များ ကော့ကရိတ်မြို့မှ ယာယီဆုတ်ခွာ

ဧပြီ ၂၁၊ VOR

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ ၉၇မှ အပြင်းအထန်ထိုးစစ်ဆင်လာသဖြင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် တပ်စွဲထားသည့် မြို့အချို့နေရာများမှ ယာယီဆုတ်ခွာထားရကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ကော့ကရိတ်မြို့ကို KNLA ပူးပေါင်းတပ်က ၄လကြာသိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ဧပြီလဆန်းမှစ၍ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စစ်တပ်များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့သဖြင့် စစ်ကူပေးရန် အောင်ဇေယျအမည်ပေးကာ စစ်အင်အားအများအပြားဖြင့် လက်နက်ကြီးများပစ်ခတ်ကာ ချီတက်လာခဲ့သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်လျက်ရှိရာ စစ်တပ်၏ထိုးစစ်ဆင်မှုနှင့် လက်နက်ကြီး၊လေကြောင်း အများအပြားသုံးမှုကြောင့်ယာယီဆုတ်ခွာထားရခြင်းဖြစ်ကြောင်း သိရသည်။

မြဝတီမြို့သို့ စစ်ကူပို့သည့် အောင်ဇေယျစစ်ကြောင်း ကို တော်လှန်ရေးတပ်များကလည်း ကြားဖြတ်ခုခံတိုက်ခိုက်လျက်ရှိသည်။

ဧပရယ်လ ၁၆ ရက်နေ့တွင် အဆိုပါ အောင်ဇေယျစစ်ကြောင်းတည်ရှိရာ အာရှလမ်း မပေါ်ရှိ တံတားကူးနေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံ ကျားဖြူစစ်ကြောင်း ဒရုန်းတပ်ဖွဲ့မှ ၄ ကြိမ် drop ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းက ၎င်းတို့တက်လာရာလမ်းကြောင်းရှိကျေးရွာများအား လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းမှပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။

မြဝတီမြို့တွင်လည်း ဧပြီလ ၂၀ရက်နေ့မှစတင်ကာ ထိုင်းမြန်မာ ချစ်ကြည်ရေးအမှတ် ၂တံတားတွင် ပုန်းခိုနေသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှ လက်နက်ကြီးများ ပစ်ကူပေးနေသဖြင့် ဒေသပြည်သူ ၃ထောင်ကျော် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်စစ်ရှောင်နေကြရသည်။

တော်လှန်ရေး ပူးပေါင်းတပ်များ ကော့ကရိတ်မြို့မှ ယာယီဆုတ်ခွာ

You may have missed