Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

အမှတ် ၂တံတားအနီးကျေးရွာများမှ စစ်ရှောင်ပြည်သူများ

သောင်ရင်းမြစ်ကမ်းတလျှောက် စစ်သားများ အစုလိုက် အပြုံလိုက် ထွက်ပြေးနေ ပြည်သူများ စစ်ဘေးရှောင်နေရ

ဧပြီ ၂၀၊ VOR

အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် ပုန်းအောင်းလျက်ရှိသော ကရင်ပြည်နယ်၊ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်များက ယမန်နေ့ညက စတင် တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ဧပြီ ၁၉ရက် ညနေပိုင်းမှစတင်ကာထိုင်းမြန်မာနယ်စပ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီး တွင် တိုက်ပွဲဖြစ်ပွားနေပြီး မဲဆောက်ဘက်အခြမ်းမှ လက်နက်ပေါက်ကွဲသံများကြားရကြောင်း အနီးဝန်းကျင်ရှိပြည်သူများထံက သိရသည်။

ယနေ့ ဧပြီလ ၂၀ရက် နံနက်ပိုင်းတွင် အမှတ်၂တံတားဝင်းအတွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ်ကမ်းဘေးတွင် အစုလိုက် အပြုံလိုက် ထွက်ပြေးနေကြောင်း စစ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်များထံက သိရသည်။

ခလရ ၂၇၅မှ စစ်ကောင်စီတပ်သားများသည် ၎င်းတို့တပ်ရင်းကို တော်လှန်ရေးတပ်များသိမ်းပိုက်လိုက်သည့် ဧပြီလ ၁၀ ရက်နေ့ ညပိုင်းကတည်းက အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးသို့ ဆုတ်ခွာခဲ့ပြီး လက်နက်မချဘဲ စစ်ကူတပ်များကို စောင့်ဆိုင်းနေသဖြင့် ယမန်နေ့ ညပိုင်းမှစတင်ပြီး တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

You may have missed