Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

"ဝ" ပြည်နယ်ငြိမ်းချမ်းရေး ၃၅ နှစ်မြောက် အခမ်းအနားသို့ TNLA, MNDAA, AA စစ်ဦးစီးချုပ်များ တက်ရောက်

“ဝ” ပြည်နယ်ငြိမ်းချမ်းရေး ၃၅ နှစ်မြောက် အခမ်းအနားသို့ TNLA, MNDAA, AA စစ်ဦးစီးချုပ်များ တက်ရောက်

ဧပြီ ၁၉၊ VOR

“ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက် အခမ်းအနားသို့ TNLA, MNDAA, AA ၏ စစ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့တွင် အုပ်ချုပ်ရေးမြို့တော် ပန်းဆန်း (ပန်းခမ်း)မြို့၌ကျင်းပသော “ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက် အခမ်းအနားသို့ AA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MMDAA တို့၏ စစ်ဦးစီးချုပ်များတက်ရောာက်ခဲ့ကြကြောင်း သိရသည်။

“ဝ” ပြည်နယ်သည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်ထဲက နယ်မြေတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုလည်းဖြစ်ကြောင်း AA သည်”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် မဟာမိတ်များဖြစ်ပြီး ချစ်ခင်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ရန်အတွက် AA စစ်ဦးစီးချုပ်တို့အဖွဲ့က တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း Wa Channel က ထုတ်ပြန်ထားသည်။

AA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ကလည်း”ဝ” ပြည်ငြိမ်းချမ်းရေး ၃၅ နှစ်မြောက် အခမ်းအနားကို ဝမ်းမြောက်ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြကြောင်း သိရသည်။

“ဝ” ပြည်နယ်ငြိမ်းချမ်းရေး ၃၅ နှစ်မြောက် အခမ်းအနားသို့ TNLA, MNDAA, AA စစ်ဦးစီးချုပ်များ တက်ရောက်

You may have missed