Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် တံတားဦးလေဆိပ်ကို လက်နက်ကြီးပစ်ခတ်၊ လေယာဉ်ဂိုထောင်ထိမှန် ပျက်စီး

လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် တံတားဦးလေဆိပ်ကို လက်နက်ကြီးပစ်ခတ်၊ လေယာဉ်ဂိုထောင်ထိမှန် ပျက်စီး

ဧပြီ ၁၉၊ VOR

မန္တလေးတိုင်း၊ တံတားဦးခရိုင်အတွင်းရှိ တံတားဦးလေဆိပ်ကို ပြည်သူ့တော်လှန်ရေးရဲဘော်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဥ်ဂို​​​​ဒေါင်ကိုထိမှန်ပျက်စီးခဲ့ကြောင်း Freedom Revolution Force (FRF) က သတင်းထုတ်ပြန်သည်။

ဧပြီလ (၁၇)ရက် မနက် (၂)နာရီအချိန်ခန့်က ပြည်သူများကိုလေကြောင်းဖြင့် တိုက်ခိုက်နေသော တံတားဦးလေတပ်စခန်းအား ၁၀၇မမ (၁၀)လုံး ၉၀မမ(၅)လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဥ်ဂို​​​​ဒေါင်ကိုထိမှန်သည်ဟုသိရပြီး ကျန်ထိခိုက်မှုများကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့ – ၁၊ Kyaukse Revolution Army (KRA)၊ စဥ့်ကိုင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

FRF အထူးတပ်ဖွဲ့သည် စစ်အာဏာရှင်ကျဆုံးရေးအတွက် မဟာမိတ်များနှင့်အတူ စစ်ကောင်စီ၏ အရေးကြီးနေရာများအား တိုက်ခိုက်လျှက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

You may have missed