ဧပြီ ၁၉၊ VOR
ကရင်ပြည်နယ်၊မြဝတီမြို့သို့ စစ်ကူလာသော အောင်ဇေယျစစ်ကြောင်းတည်ရှိရာ နေရာသို့ Drop ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက ယနေ့သတင်းထုတ်ပြန်သည်။
ဧပရယ်လ ၁၆ ရက်နေ့တွင် ကရင်ပြည်နယ်၊မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီလက်အောက်ခံ အောင်ဇေယျစစ်ကြောင်းတည်ရှိရာ အာရှလမ်း မပေါ်ရှိ တံတားကူးနေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံ ကျားဖြူစစ်ကြောင်း ဒရုန်းတပ်ဖွဲ့မှ ၄ ကြိမ် drop ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးများပြီး ၁၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ခြေမှ ရှေ့ဆက်မတိုးနိုင်ဘဲ အချို့မှာကော့ကရိတ်မြို့သို့ ပြန်ဆုတ်သွားသည်ဟု ယူဆပြီး ပြည်သူများအနေဖြင့် အဆိုပါစစ်ကြောင်းနှင့်ပတ်သက်ပြီး မစိုးရိမ်ကြရန် ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က မီဒီယာကို ပြောဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ရက်နေ့တွင် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကမြ၀တီမြို့၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၇၅)တပ်အား သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ”အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
ထိုးစစ်ဆင်လာသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ပူးပေါင်းတပ်တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများအား ပြုလုပ်လျက်ရှိကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့ကထုတ်ပြန်ထားသည်။
ထိုသို့ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ၎င်းတို့ဘက်မှ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက်တောင်ခြေ တွင်သာ ရပ်တန့် နေခဲ့ရကြောင်း သိရသည်။
https://www.facebook.com/VORLiveNews/videos/1640795886694010
I am really inspired along with your writing skills as well as with the format for your blog. Is that this a paid subject matter or did you customize it yourself? Anyway stay up the excellent high quality writing, it’s rare to peer a great weblog like this one nowadays!