ဧပြီ ၁၈၊ VOR
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပြီး ပစ်ခတ်နှိမ်နင်းသဖြင့် အကျဉ်းသား ၄ ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်၌ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဆူပူမှု စတင်ဖြစ်ပွားခဲ့ပြီး ထောင်ဆူပူမှုကိုသေနတ်ဖြင့် ပစ်ခတ်နှိမ်နှင်းခဲ့သောကြောင့် အကျဉ်းသား ၄ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ညနေ ၄နာရီဝန်းကျင်တွင် ထောင်တွင်း သံချောင်းခေါက်ပြီး ဒို့အရေးကြွေးကြော်နေသံများကြားရကြောင်း၊ တစ်ဆက်တည်းမှာပင် သေနတ်ပစ်သံ အချက် ၅၀ ထက်မနည်းကြားရကြောင်း၊ ဧပြီလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ကြောင်း ဒေသခံများ၏ပြောဆိုမှုကို KNG က ဖော်ပြထားသည်။
ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ ၄၂ ဦးလွတ်မြောက်ခဲ့သည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်