ဧပြီ ၁၉၊ VOR
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မြောက်ပိုင်းညီနောင်များအဖွဲ့ NBPDF အဖွဲ့ထံက သိရသည်။
ဧပြီလ ၁၉ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်တွင် ၁၀၇ မမ ၁၀ လုံးပစ်ခတ်ခဲ့ကြောင်း အခြေအနေအသေးစိတ်ကိုမသိရှိရသေးကြောင်း ယင်းအဖွဲ့တာဝန်ခံက မီဒီယာကိုပြောသည်။
မြစ်ကြီးနားမြို့ နမ့်ပေါင် လေတပ်စခန်းမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ မတ်လ ၇ ရက်နေ့တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်