ဧပြီ ၁၉၊ VOR
ပအိုဝ်းဒေသ ဆီဆိုင် – လွိုင်ကော်လမ်းမကြီးတစ်နေရာ ဆီဆိုင်မြို့နယ် ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီက ပအိုဝ်းဒေသခံ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA ထံက သိရသည်။
ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ဆီဆိုင်မြို့နယ် ဖြီတခေါ့ကျေးရွာမှ ဒေသခံနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ခရီးသွားရာမှ ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်ထိပ်တိုက်တိုးမိသဖြင့် စစ်ကောင်စီက စစ်ဆေးမေးမြန်းခြင်းမရှိပဲ ပစ်ခတ်ရာ ရွာသား ၁ ဦးမှာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ဒေသခံ ၁ ဦးမှာ စစ်ကောင်စီပစ်ခတ်နေသည့်ကြားမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းကို လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ပြန်လည်သယ်ယူခွင့်မပြုသေးကြောင်းသိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်