Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
October 31, 2025

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ခန့်သေဆုံးပြီး PDF ရဲဘော် ၂ဦးကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ခန့်သေဆုံးပြီး PDF ရဲဘော် ၂ဦးကျဆုံး

ဧပြီ ၁၈၊ VOR

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ခန့် ကျဆုံးခဲ့ပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့သော်လည်း PDF ရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက် ဘက်ကမ်းမှ ခင်တန်းကြီးကျေးရွာဘက်သို့ ကူးလာသော အင်အား ၈၀ ခန့်ရှိ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့် သေဆုံးပြီး စစ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဆွာမြို့ရှိ စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် နေပြည်တော်တိုင်းစစ်ဌာန၊ ၉၀၁ တပ်ရင်း၊ တပ်ခွဲ ၃ တပ်ခွဲ မှူး ရဲဘော်ဇိုးလေးနှင့် စနိုက်ပါ ရဲဘော် ‌သရဲ(ခ) ဥက္ကာစိုးတို့ ကျဆုံးခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

မြတ်စွာကျဆုံးခဲ့သည့် ရဲဘော်များ အတွက် ကျန်ရှိသည့်ရဲဘော်များက များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ဦးညွတ်အလေးပြုကြောင်း နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၉၀၁)က ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ခန့်သေဆုံးပြီး PDF ရဲဘော် ၂ဦးကျဆုံး

You may have missed