ဧပြီလ – ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်းက သံကလောင်ကျေးရွာမှာ မတ်လ ၃၀ ရက်နေ့တုန်းက သက်ကြီးပိုင်းမွန်အမျိုးသားတဉီးကို ရွာထဲဝင်လာတဲ့ စစ်တပ်က ပစ်သတ်မှုဖြစ်ပွားခဲ့ပါတယ်။ အခုတခါ အေပရယ်လ ၁၄ ရက်နေ့မှာလည်း ကားမောင်းပြန်လာတဲ့ကျောင်းထိုင် မွန်ဆရာတော်ဉီးဝါယမကို စစ်ကောင်စီတပ်က စနိုက်ပါနဲ့ ပစ်သတ်လိုက်ပြန်ပါတယ်။ သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် ဝါယာမဟာ ဆွမ်းဘုန်းပြီး နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဒကာတစ်ဦးနှင့်အတူ ကားဖြင့် ကျောင်းမှထွက်လာစဉ် တရနာကျေးရွာအဝင် လမ်းဆုံအရောက်မှာတော့ စစ်ကောင်စီတပ်က အခုလို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့ကြတာပါ။ ပစ်ခတ်မှုကြောင့် ဉီးဝါယမဟာ နေရာမှာတင် ပျံလွန်တော်မူခဲ့ပြီး အတူပါလာတဲ့ ဒကာလည်း ကျည်ထိမှန်ဒဏ်ရာများ ရရှိသွားပါတယ်။ ဒေသခံတဉီးရဲ့ စကားအရတော့ “အဲနေရာက ဗမာစစ်သားတွေ နေရာယူထားတယ်။ အဲနေရာမှာပဲ ပစ်ခံရတယ်။ ကားမှာပါလာတဲ့ ဆရာတော်ကိုရော၊ ဒကာကိုရော ပစ်တာ။ ဆရာတော်ကတော့ ပျံလွန်တော်မူသွားတယ်။ ဒကာကလည်း ကျည်ထိမှန်ထားတယ်လို့” သူကဆိုပါတယ်။ အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီကိုတော်လှန်ဖို့ မွန်တော်လှန်ရေးတပ်တွေနှင့်အတူ ခွဲထွက် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းကြံစည်နေစဉ်မှာပဲ အခုဆိုရင် စစ်အုပ်စုဟာ ရပ်ရွာများကို မီးလောင်ဗုံးများကြဲချခြင်း မွန်သံဃာနှင့် မွန်ပြည်သူတွေကိုလည်း အခုလို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြပြီလည်း ဖြစ်ပါတယ်။

 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                

 
                                         
                                         
                                         
                                        
More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်