နိုင်ငံအနှံ့အပြားမှာ မတရားစစ်အာဏာသိမ်းအုပ်စုကို တော်လှန်တိုက်ပွဲများပြင်းထန်နေတာနဲ့အညီ မန္တလေးမြို့ မြို့တော်ဝန်မဏ္ဍပ်အနီးမှာလည်း ဗုံးပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ မဟာသင်္ကြန်အကျနေ့ဖြစ်တဲ့ အေပရယ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီအကျော်ခန့်မှာတော့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၂ ဉီးခန့် ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း မန္တလေးမြို့ခံတွေထံမှ သိရပါတယ်။ ဒဏ်ရာရသွားသူတွေကတော့ “အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၂ ဦးဖြစ်တယ် အရမ်းကြီးကြီးမားမားဖြစ်တာမျိုး မတွေ့ပါဘူး။ ဗုံးစထိမှန်ပြီး ဗိုက်တွေမျက်နှာတွေ ထိသွားရုံလောက်ပါပဲ အခုတော့ ဒဏ်ရာရသူတွေကို မန္တလေး ပြည်သူ့ဆေးရုံကြီး ခေါ်သွားပါပြီလို့ အခင်းဖြစ်စဉ်ကိုသိရှိသူတဉီးက ပြောပြပါတယ်။ ဗုံးပေါက်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ် ၇၁ လမ်းမပေါ် ၂၆ လမ်းနဲ့ ၂၇ လမ်းကြား မြို့တော်ဝန်မဏ္ဍပ်အနီးက ဆိုင်ကယ်အပ်နှံတဲ့နေရာမှာဖြစ်ပါတယ်။ တောတောင်တွေထဲမှာ လူငယ်ပေါင်းများစွာဟာ အသက်ဘဝပေးဆပ်မှုများစွာနဲ့ တော်လှန်ရေးကာလဟာဆိုရင် ၃ နှစ်ကျော်သည်ထိ ယိုယွင်းနေဆဲဖြစ်ပြီး အခုလိုဗုံးပေါက်ကွဲမှုဖြစ်ချိန်မှာတော့ ရုပ်ရှင်သရုပ်ဆောင် မယ်လိုဒီက သီချင်းသီဆိုဖျော်ဖြေနေတယ်လို့ သတင်းကဆိုပါတယ်။ စစ်ကောင်စီဟာ တဖက်မှာမတရားသတ်ဖြတ်မှုပေါင်းစုံကိုကျူးလွန်နေရင်း တဖက်မှာလည်း မြို့ပေါ်နေပြည်သူများကို ပွဲလမ်းသဘင်ပေါင်းစုံနဲ့ နစ်မြုပ်နေအောင်အားထုတ်နေပါတယ်။ အရပ်ဝတ်နဲ့ စစ်ယူနီဖောင်းလုံခြုံရေးများစွာ စောင့်ကြပ်နေတဲ့ကြားမှာပဲ အခုပေါက်ကွဲမှုဟာ ငါးမိနစ်ခြား တလုံး၊ နှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။ အခုလို မြို့ကောတောပါ ပဋိပက္ခပေါင်းစုံနဲ့ ကြုံနေရပေမယ့်
အခုဖြစ်စဉ်မှာလည်း ဒဏ်ရာရခဲ့သူတွေရဲ့ပုံကို လူအများမြင်ရန် မဖြန့်ဝေကြဖို့ စစ်အုပ်စုကဖိအားပေးတားမြစ်ထားတဲ့အကြောင်း သိရှိရပါတယ်
–
Edited – ဆယ်ဉီးကျော်ထိခိုက်ဒဏ်ရာရသွားခဲ့ကြတဲ့ ဗုံးကွဲမှုဖြစ်စဉ်မှာ ဒဏ်ရာပြင်းထန်သူ ၃ ဉီးဟာ အသက်သေဆုံးသွားတယ်လို့ သိရပါသည်။


 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                                         
                                         
                                         
                                        
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်