Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
February 15, 2026

မြဝတီမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃၀ ခန့် သေဆုံး

မြဝတီမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃၀ ခန့် သေဆုံး

ဧပြီ ၁၃၊ VOR

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူပေးရန် ချီတက်လာသည့် စစ်ယာဉ်တန်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေဆုံးပြီး သံချပ်ကာကား ၁ စီးအပါအဝင် ၂ စီးပျက်စီးခဲ့ ကြောင်း ကျားဖြူစစ်ကြောင်းက ရုပ်သံသတင်းထုတ်ပြန်သည်။

ဧပြီလ ၁၁ ရက်နေ့တွင် မြဝတီမြို့ကို ပြန်လည် ရယူနိုင်ရန်အတွက် ကော့ကရိတ်မြို့ရှိ စစ်တပ်အတွင်းမှ စစ်ကောင်စီအင်အားအများအပြားသည် သံချပ်ကာကား၊ ဖောကား များဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူယူကာ ချီ တက်လာခဲ့ရာ ၎င်းစစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး ဧပြီလ ၁၁ ရက်နေ့မှ စ၍ ယနေ့ ဧပြီလ ၁၃ ရက်နေ့အထိ စစ်သား ၃၀ ခန့်သေဆုံးပြီး တင့်ကား ၁ စီး၊ ဖောကား ၁ စီး ပျက်စီးသည်ကို မျက်မြင်တွေ့ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာစဉ် လေကြောင်းမှ Y12 လေယာဉ်ဖြင့် ပျံဝဲကင်းယူပေးသည့်အပြင် လက် နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်ကော့က ရိတ်မြို့နယ်၊ မောင်းမရွာသစ်ကျေးရွာနေ အမျိုသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကူစစ်ကြောင်းသည် ယခုအခါ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေး ရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီးရှိ အာရှလမ်းမတောင်ခြေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

https://www.facebook.com/VORLiveNews/videos/888396273045499

You may have missed