ဧပြီ ၁၂ ၊ VOR
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေများနှင့် မြန်မာ စစ်သား များ နယ်စပ် တံတားတွင် ရောက်ရှိ နေမှုနှင့် ပတ်သက်ပြီး အခြေအနေကို ကိုင်တွယ် ဖြေရှင်းရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Parnpree Bahiddha-nukara မဲဆောက်မြို့ကို ယနေ့ ဧပြီ ၁၂ရက်နေ့တွင် ထိုင်းစစ်ရဟတ်ယာဥ် ဖြင့် ရောက်ရှိလာပြီဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ဒုနိုင်ငံခြားရေးဝန်ကြီး အပါအဝင် စစ်တပ် ကိုယ်စားလှယ်များ လိုက်ပါလာကြကြောင်း သိရသည်။
တာဝန်ရှိသူ ခေါင်းဆောင်များအနေဖြင့် လက်ရှိ နယ်စပ်တွင် ဖြစ်နေသည့် အခြေ အနေကို နားထောင်မည် ဖြစ်ပြီး သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများနှင့် အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နယ်မြေ အခြေအနေများနှင့် အမှတ် ၂ ချစ်ကြည်ရေး တံတား ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာန ၏ ပြင်ဆင်ထား မှုများကိုလည်း လေ့လာမည်ဖြစ်ကြောင်း သိရသည်။




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်