Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
February 15, 2026

သင်္ကြန်အတွင်း လူစုလူဝေး မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မေတ္တာရပ်ခံ

သင်္ကြန်အတွင်း လူစုလူဝေး မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မေတ္တာရပ်ခံ

ဧပြီ ၁၂၊ VOR

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်လာနိုင်တာကြောင့် သင်္ကြန်တွင်း လူစုလူဝေးမပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားနေသောကြာင့် လူစုလူဝေးဟု ယူဆရသည့် နေရာများကို အလစ်ချောင်း၊ အငိုက်ဖမ်းပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ခြင်းကြောင့် ဟု ဆိုသည်။

သို့ပါ၍ စစ်ရေးပြင်းထန်နေသည့် ကာလဖြစ်သည့် အလျောက် သင်္ကြန်ကာလအတွင်း မြို့ပြသာမက ကျေးလက်တွေမှာပါ လူစုလူဝေးပြုလုပ်ခြင်း၊ လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် လူစုလူဝေးနဲ့ သင်္ကြန် မဏ္ဍပ်များ၊ Show ပွဲများကျင်းပခြင်း၊ ဘုန်းကြီးကျောင်းများတွင် လူစုလူဝေးနှင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်း ပြုလုပ်ခြင်းတို့ကို မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

အဖက်ဖက်ကနေ စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ပွဲနှင့် မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို ဦးတည်တိုက်ခိုက်လေ့ရှိသဖြင့် သင်္ကြန်အတွင်းမလိုလားအပ်သည့် အသက်များ အစုလိုက် အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေကနေ ကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေးပြုလုပ်ခြင်းများကို ပြည်သူများအနေဖြင့် ရှောင်ရှားပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မေတ္တာရပ်ခံ ပန်ကြားထားသည်။ 

သင်္ကြန်အတွင်း လူစုလူဝေး မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မေတ္တာရပ်ခံ

You may have missed