Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
August 17, 2026

လွယ်ဂျယ်မြို့မှရရှိသော ငွေကျပ် သိန်းပေါင်း ၅သောင်းကျော်ကို အများနှင့်သက်ဆိုင်သည်ဟုသတ်မှတ်ပြီး စည်းမျဉ်းအတိုင်းလုပ်ဆောင်ထားရှိဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

လွယ်ဂျယ်မြို့မှရရှိသော ငွေကျပ် သိန်းပေါင်း ၅သောင်းကျော်ကို အများနှင့်သက်ဆိုင်သည်ဟုသတ်မှတ်ပြီး စည်းမျဉ်းအတိုင်းလုပ်ဆောင်ထားရှိဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ဧပြီ ၁၂၊ VOR

တရုတ်-မြန်မာနယ်စပ်လွယ်ဂျယ်မြို့ ခလရ ၁၄၂စခန်းအတွင်းမှ စစ်ကောင်စီတပ်သားများ သိမ်းဆည်းထားသည့် ငွေကျပ် သိန်းပေါင်း ၅သောင်းကျော်နှင့် ရွှေချောင်းများကို KIA က သိမ်းပိုက်ရရှိခဲ့ရာ ရရှိငွေများကို အများနှင့် သက်ဆိုင်သည်ဟု သတ်မှတ်ပြီး KIO ၏ ဘဏ္ဍာရေးစည်းမျဉ်း အမှတ် ၆၄အတိုင်း လုပ်ဆောင်ထားရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြောဆိုလိုက်သည်။

သတ်မှတ်စဉ်းမျဉ်းအတိုင်း လွယ်ဂျယ်မြို့မှရရှိသော ကျပ်ငွေ( ၅,၃၅၈,၂၀၀,၀၀၀) ကို တပ်မဟာ(၃) တပ်မဟာမှူးမှ အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းပေးအပ်ပြီး ဖြစ်ကြောင်း မိတ္တူနှင့်တကွ ဖော်ပြထားသည်။

KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)တွင် တိုက်ပွဲမှရရှိသောငွေကြေးနှင့် တန်ဘိုးရှိသောပစ္စည်းများအား ဘဏ္ဍာရေးဌာနသို့အပ်နှံရန်၊ ပြည်သူမှ အောင်ပွဲအတွက် အလှူငွေပေးပါက အလှူငွေစာရင်းနှင့်တကွ ဘဏ္ဍာရေးဌာနသို့အပ်နှံရန်၊ အောင်ပွဲဆိုသည်မှာ အားလုံးစုပေါင်း လုပ်ဆောင်မှု၏ရလာဘ်ဖြစ်သောကြောင့် အများနှင့် သက်ဆိုင်သည်ဟု သတ်မှတ်ဖော်ပြထားကြောင်း ဗိုလ်ချုပ်ကြီးဂွမ်မော်က ထုတ်ပြန်ဖော်ပြထားသည်။

You may have missed