Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
March 16, 2025

ပုလောမြို့ရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း ၁ ရှိ အမျိုးသမီး ရဲဘော် ကိုယ်တိုင် ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်သား ၄ဦးသေဆုံး

ပုလောမြို့ရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း ၁ ရှိ အမျိုးသမီး ရဲဘော် ကိုယ်တိုင် ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်သား ၄ဦးသေဆုံး

ဧပြီ ၁၂၊ VOR

တနင်သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး(၂)လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သား (၄)ဦး သေဆုံးခဲ့ ကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဧပြီလ (၁၁)ရက်၊ ညနေ (၆)နာရီဝန်းကျင်တွင် ပုလောမြို့ရဲစခန်းအား T2 Special Drone Force မှ ဒရုန်းဖြင့် ဗုံးသီး(၂)လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သား (၄)ဦး သေဆုံးခဲ့အခြားထိခိုက်မှု အသေးစိတ်ကို မသိရှိရသေးကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးတွင် မြိတ်ခရိုင်တပ်ရင်း ၁ ရှိ အမျိုးသမီး ရဲဘော် ဒရုန်းတပ်ဖွဲ့ဝင်များ ကိုယ်တိုင် စစ်ဆင်ရေး၌ ပါဝင်ဆင်နွှဲလျက် ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်းရှိ အကြမ်းဖက် ဖက်ဆစ်တပ်များကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းအနေဖြင့် အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဖက်ဆစ်စစ်သားများ၊ ၎င်းတို့တပ်စွဲရာနေရာများနှင့် အနီးကပ် နေထိုင်ခြင်း မပြုရန် အထူးမေတ္တာရပ်ခံထားသည်။

You may have missed