Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

NUG က မတ်လအတွင်း ငွေကျပ် (၄၀၆.၅)သန်းကို လူသားချင်းစာနာမှုအကူအညီ များပေးအပ်

NUG က မတ်လအတွင်း ငွေကျပ် (၄၀၆.၅)သန်းကို လူသားချင်းစာနာမှုအကူအညီ များပေးအပ်

ဧပြီ ၁၁၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၀၆.၅)သန်း ကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးပြည်သူများ၏ အလှူငွေကျပ် (၄၀၆.၅)သန်းကို

၁) နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၅၄,၂၀၀) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၂၉၀.၁) သန်း

၂) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၂၅၇) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၈၈) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆.၈) သန်း

၃) CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅.၅) သန်း

၄) နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁.၃) သန်း

၅) ပြည်သူများအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၌ ငွေကျပ် (၉.၈) သန်း

၆) အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅၃.၂) သန်း

၇) မီးရှို့ခံရသည့်နေအိမ်များထဲမှ လုံခြုံစိတ်ချရသည့်နေရာတွင် ဆောက်လုပ်နိုင်သည့် နေအိမ် (၄၆) လုံးကို ယာယီတဲဆောက်လုပ်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

You may have missed