Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
October 30, 2025

မြဝတီတံတားအမှတ် (၂) တွင် ပုန်းရှောင်လျှက်ရှိနေသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင် စီ တပ်ဖွဲ့ဝင်များ

ခလရ−၂၇၅ တပ်စခန်းမှထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် (၂) တွင် ပုန်းရှောင်လျက်ရှိ၊ ရမ်းသန်းပစ်ခတ်နိုင်သဖြင့် ပြည်သူများ သွားလာခြင်းမပြုရန် သတိပေး

ဧပြီ ၁၁၊ VOR

ကရင်ပြည်နယ် မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြဝတီတံတားအမှတ် (၂) တွင် သွားရောက် ပုန်းရှောင်လျှက်ရှိကြောင်း ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။

မြဝတီတံတားအမှတ် (၂) တွင် သွားရောက်ပုန်းရှောင်သော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် များအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန်စီစဉ်လျှက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက် နိုင်ခြင်းမရှိဘဲ ပိတ်မိနေလျှက်ရှိပြီး စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် ပြည်သူများအနေဖြင့် ထိုနေရာအနီးတစ်ဝိုက်သို့ သွားရောက်ခြင်း မပြုလုပ်ရန် ကေအဲန်ယူက အသိပေးထားသည်။

မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင် စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန် အသိပေးသည်

You may have missed