ဧပြီ ၁၁၊ VOR
နေပြည်တော် အေလာလေတပ်ကို ဧပြီလ ၁၁ ရက်နေ့ ယနေ့နံနက် ၄ နာရီ၊ ၄၅ မိနစ်တွင် (၁၀၇) မမ ဒုံးကျည် (၇) လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံး မှုများ ရှိကြောင်း PDF Insight ထံက သိရသည်။
ဧပြီလ ၄ ရက်နေ့တွင် နေပြည်တော် အေလာလေတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အထူး တပ်ဖွဲ့ နှင့် Shar Htoo Waw ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။
“အချိန် (၁) ပတ်တာကာလ အတွင်း အေလာလေတပ်ကို (၂) ကြိမ် တိုက်ခိုက်နိုင်မှုဖြစ်ပြီး ပထမအကြိမ် တိုက်ခိုက်မှု အပြီးမှာ စစ်တပ် အနေနဲ့ လုံခြုံရေး တင်းကြပ်အောင် ချထားနိုင်မှု မရှိတာ၊ စစ်ရေးအရ ပေါ့လျော့တာ ကို ဒုတိယအကြိမ် BWM ရဲ့စီမံမှု နဲ့ MKCDF တိုက်ခိုက်မှုက ပြသနေပါတယ်။”ဟု ဆိုသည်။
ယခု မစ်ရှင် သည် နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ အလုံခြုံဆုံးနှင့်အဆင့်အမြင့်ဆုံးသော လေတပ်စခန်းသည်ပင်လျင် တော်လှန်ရေးအင်အားစုများ ၏ လက်တကမ်း ပစ်မှတ်အဆင့်သို့ ရောက်ရှိနေကြောင်း သက်သေပြရင်း နိုင်ငံတဝန်းတော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက် ထပ် စစ်ရေး ပစ်မှတ်များကိုလည်း တစိုက်မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က အသိပေး ထားသည်။
ယခုတိုက်ခိုက်မှုုကို Mountain Knights Civilian Defense Force (MKCDF) က Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်