ဧပြီ ၁၁၊ VOR
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းပေါ်ရှိ နန့်ယားကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIAက သိမ်းပိုက်ရရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နန့်ယားစခန်းကို ဧပြီ ၉ ရက်နေ့မှစ၍ KIAနှင့် PDF ပူးပေါင်းတပ်များ က ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ နံနက် ၆ နာရီက နန့်ယားစခန်း အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ကျော်သည် အလံဖြူထောင်၍ KIA တပ်ဖွဲ့များထံ လက်နက်ချအညံ့ခံလာပြီး ကျန်သည့် တပ်ဖွဲ့၀င်များမှာ စခန်းစွန့်ခွာထွက် ပြေးကြသဖြင့် KIA က လိုက်လံဖမ်းဆီးခဲ့ရာ စစ်သုံ့ပန်း ၃၀ ကျော်ကို ဖမ်းဆီးရမိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ နန့်ယားစခန်းတွင် တပ်မ (၃၃) လက်အောက်ခံ ခမရ-၁၂၀ နှင့် ရှမ်းနီပူးပေါင်းတပ် (SNA) တို့ တပ်စွဲထားခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၃၀ ကျော်တွင် စစ်ကောင်စီတပ်သား ၂၅ ဦးနှင့် ရှမ်းနီပြည်သူ့စစ် ငါး ဦးတို့ပါ၀င်ကြောင်း သိရသည်
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်