Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
September 12, 2025

ယနေ့ နံနက် မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားသဖြင့် မဲဆောက်မြို့ ထိုင်းဘက်ခြမ်းတွင် ထိုင်းအာဏာပိုင်များ တပ်စွဲ

ယနေ့ နံနက် မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားသဖြင့် မဲဆောက်မြို့ ထိုင်းဘက်ခြမ်းတွင် ထိုင်းအာဏာပိုင်များ တပ်စွဲ

ဧပြီ ၁၀၊ VOR

ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားသဖြင့် ထိုင်း-မြန်မာနယ်စပ်ဂိတ်ကို ထိုင်းအာဏာပိုင်များက စောင့်ကြည့်ရန် တပ်စွဲထားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

ယမန်နေ့ ဧပြီလ ၉ရက် နေ့တွင် မြဝတီမြို့ ခမရ ၂၅၇ တပ်ရင်း တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းမှ ပေါက်ကွဲသံများ နှင့် အတူ သေနတ်သံများပါ ညလုံးပေါက် ကျယ်လောင်စွာကြားရကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားရှိပြီး နှစ်ဖက်စလုံးမှ ပြည်သူများ ပုံမှန်အတိုင်း သွားလာနေကြဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၈နာရီဝန်ကျင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများရှိကြောင်း သိရသည်။

You may have missed