Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
October 30, 2025

ဗိုလ်ချုပ်ကြီးစိုးဝင်း နိုင်ငံတော်တာဝန်ထမ်းဆောင်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဗိုလ်ချုပ်ကြီးစိုးဝင်း နိုင်ငံတော်တာဝန်ထမ်းဆောင်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဧပြီ ၁၀၊ VOR

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ပတ်သက်လို့သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ‘’နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေပါတယ်’’လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၀ ရက် ညနေပိုင်းမှာ ဘီဘီစီသတင်းဌာနကို ပြောဆိုလိုက်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ ရောက်ရှိနေတုန်း Alpha Bats ဒရုန်းတပ်ဖွဲ့က ဧပြီ၈ ရက်က တိုက်ခိုက်ခဲ့ရာမှာ ဒုဗိုလ်ချုပ်ကြီး စိုးဝင်းအပါအဝင် အရာကြီးများ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရသူများထဲမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်း​ဆွေတို့ ပါဝင်​နေနိုင်​ကြောင်း၊ ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် အကြီးပိုင်းများ ပြင်းထန်ဒဏ်ရာရပြီး ၄င်းတို့ထဲမှ၃ဦး ယ​မန်နေ့ည ​သေဆုံးသွားခဲ့ပြီလို့​ ရှာထူး​ဝေါ နည်းပညာတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

အဲဲဒိတိုက်ခိုက်မှုကို စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်ခံရတာမဟုတ်ဘဲ စစ်ဌာနချုပ်အနီးကို အသံဗုံးနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေက နေပြည်တော် စစ်ရုံးချုပ်၊ ပြင်ဦးလွင်က စစ်တက္ကသိုလ်နဲ့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး မြထွန်းဦး ရဲ့ မုဒုံခရီးစဉ်အပြင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းရောက်ရှိနေတဲ့ ရတခကို တိုက်ခိုက်နိုင်တဲ့အထိ ဆက်တိုက်ဆိုသလို စစ်ကောင်စီကို ခြိမ်းခြောက်ထားနိုင်နေတာပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစိုးဝင်း နိုင်ငံတော်တာဝန်ထမ်းဆောင်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

You may have missed