ဧပြီ ၁၀၊ VOR
တရုတ်-မြန်မာနယ်စပ် ၊ လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်း ၁ သောင်းဝန်းကျင်ကို သိမ်းဆည်းရရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဧပြီလ ၉ ရက်နေ့တွင် မြို့စောင့်တပ် ခလရ ၁၄၂ မှ Non- CDM ဝန်ထမ်းများ နှင့် စစ်ကောင်စီတပ်သားများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားပြီးနောက် တပ်တွင်း ရှင်းလင်းရေး လုပ်ဆောင်ရာ သိန်းပေါင်းများစွာထည့်ထားသော သေတ္တာများကို သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရသည်။
ခန့်မှန်းခြေ သိန်းပေါင်း ၁ သောင်းဝန်းကျင်ရှိကြောင်း၊ ဘဏ်မှ ငွေများကို တပ်တွင်း သိမ်းယူထားခြင်းမျိုး ဖြစ်နိုင်ကြောင်း၊ တပ်၏ ဂိုဒေါင်အဆောက်အအုံတစ်ခုအတွင်းက ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်