Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 24, 2025

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာခြေစိုက် (၅၅၈)တပ်ရင်း စာသင်ကျောင်း ဗဟိုကင်းနှင့် ခန်းမကို ပြောက်ကျားတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၃ဦးသေဆုံး

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာခြေစိုက် (၅၅၈)တပ်ရင်း စာသင်ကျောင်း ဗဟိုကင်းနှင့် ခန်းမကို ပြောက်ကျားတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၃ဦးသေဆုံး

ဧပြီ ၁၀၊ VOR

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် (၅၅၈)တပ်ရင်း စာသင်ကျောင်း ဗဟိုကင်းနှင့် ခန်းမ၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ) မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၃)ဦး သေ (၆)ဦးအထက်ဒဏ်ရာရှိခဲ့ကြောင်း တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရသည်။

ကမ္မလိုင်းရွာခြေစိုက် အမှတ်(၅၅၈)တပ်ရင်းကို ဧပြီလ ၈ရက် ညနေ ၅:၅၈ မိနစ်ချိန် တစ်ကြိမ်၊ ဧပြီလ ၉ရက် နံနက်၈:၄၅ မိန်စ်အချိန်တွင်တစ်ကြိန် တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ နှစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် (၃၀) အကြာအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာခြေစိုက် (၅၅၈)တပ်ရင်း စာသင်ကျောင်း ဗဟိုကင်းနှင့် ခန်းမကို ပြောက်ကျားတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၃ဦးသေဆုံး

You may have missed