Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

တကယ်ဖြစ်လာတော့မယ့် ၁၅နှစ်ပြည့် အာရက္ခအိမ်မက်

တကယ်ဖြစ်လာတော့မယ့် ၁၅နှစ်ပြည့် အာရက္ခအိမ်မက်

ဧပြီ ၁၀၊ VOR

ယနေ့သည် ရက္ခိုင့်တပ်တော် Arakan Army-AA စတင်တည်ထောင်ခဲ့သည်မှာ ၁၅နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ဦးစီးသူမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဖြစ်သည်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းလေးခုကို ရက္ခိုင့်တပ်တော် AA က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီမှ ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အုပ်စုမှ ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းခဲ့သည်။

၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့တွင် ညီနောင်မဟာမိတ်များဖြစ်သည့် တအောင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့နှင့် အတူ ရက္ခိုင့်တပ်တော်က ၁၀၂၇စစ်ဆင်ရေးကြီးကို ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီမှ ရှမ်းမြောက်ဒေသကို အပစ်ရပ်ဆဲပေးရန် တရုတ်အစိုးရကို အကူညီတောင်းရသည်အထိ အောင်မြင်ခဲ့သည်။

ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ဆဲထားသော်လည်း ရခိုင်ဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်သည်အထိ တိုက်ထုတ်သွားမည်ဟု ကြေညာပြီး စစ်ရေးအရှိန်မြှင့်တင်ခဲ့ကာ လက်ရှိတွင် ပလက်ဝဒေသတစ်ခုလုံးနှင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း ၊ ပေါက်တောမြို့နယ်များနှင့် ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

အင်အားကြီးမားခဲ့သော စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်ထံ တပ်ရင်းလိုက် အလံဖြူထောင်လက်နက်ချမှုများနှင့် တပ်ရင်းများမှ ဗျူဟာမှုးများကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးနိင်ခဲ့ပြီး မြို့တော်စစ်တွေအထိ အောင်ပွဲများ နီးကပ်လာနေသည်။

ပြီးခဲ့သည့် မတ်လက ရက္ခိုင့်ဒေသအတွင်း ပြည်ပစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားပြီး “အရက္ခ အိမ်မက်”ကို အကောင်ထည်ဖော်လာနိုင်တော့မည်ဖြစ်သည်။

You may have missed