Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
September 12, 2025

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာန ဌာနမှူး ရေး-ထားဝယ်ကားလမ်းပိုင်း၌ လူထုနှင့်တွေ့ဆုံ

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာန ဌာနမှူး ရေး-ထားဝယ်ကားလမ်းပိုင်း၌ လူထုနှင့်တွေ့ဆုံ

ဧပြီ ၉၊ VOR

မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဝင်၊ ပြည်ထဲရေးဌာနမှ ဌာနမှူး နိုင်ပညာမာန်နှင့် အဖွဲ့သားများသည် အမှတ် (၈) ပြည်ထောင်စုလမ်းမ၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် ခရီးသွားပြည်သူများအားပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း MFSC က သတင်းထုတ်ပြန်သည်။

ခရီးသွားပြည်သူလူထုအား လုံခြုံရေးအတွက် သတိပြုရမည့် အချက်များ ရှင်းလင်းပြောကြားခဲ့ပြီး လမ်းခရီး သတိထားသွားလာကြရန်နှင့် တော်လှန်ရေးအင်အားစုများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းပေးသွားရန်လည်း မေတ္တာရပ်ခံကာ တော်လှန်ရေးနှိုးဆော်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမ၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများ လုံခြုံရေးရယူနေစဉ်အတွင်း ပြည်ထဲရေးဌာနမှ ခရီးသွားပြည်သူများနှင့်တွေ့ဆုံကာ စကားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြု နိုင်ငံရေး အစုအဖွဲ့တခုဖြစ်သည်ဟု ဆိုသည်။

You may have missed