Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
March 15, 2025

မြောင်းမြ PDF က တိုက်ပွဲဝင်ရန် စစ်အသုံးအဆောင်များ ဖြည့်ဆည်းဆောင်ရွက်

မြောင်းမြ PDF က တိုက်ပွဲဝင်ရန် စစ်အသုံးအဆောင်များ ဖြည့်ဆည်းဆောင်ရွက်

ဧပြီ ၉၊ VOR

ဧရာဝတီတိုင်း အတွင်း တိုက်ပွဲဝင်ရန်နှင့် လက်ရှိတည်နေရာများတွင် စစ်ရေးအရ မဟာမိတ်တပ်များနှင့်ပူးပေါင်း တိုက်ပွဲဝင်ရန် စစ်လက်နက်အသုံးအဆောင်များ ဖြည့်ဆည်းဆောင်ရွက်နေကြောင်း မြောင်းမြခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။

ယူနီဖောင်း /စကားပြောစက်နှင့် စခန်းအတွက်လိုသည်များကို ဖြည့်ဆည်းနေပြီး ရဲဘော်များကိုလည်း တိုက်ပွဲဝင်ရာတွင် အကာအကွယ်ဖြစ်စေရန် လိုအပ်သည့် စစ်အသုံးအဆောင်များ ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပြည်သူများ၏အလှူငွေကို စီမံခန့်ခွဲရာတွင်တော်လှန်ရေးအတွက် ထိရောက်သော အသုံးစရိတ်ဖြစ်ရန်အဓိက ထားဆောင်ရွက်လျှက်ရှိကြောင်း ဝန်းရံပေးကြသော အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြသော သူများကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

You may have missed