Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

မြဝတီမြို့ခံများ မြို့ကို စွန့်ခွာမှုများလာ

မြဝတီမြို့ခံများ မြို့ကို စွန့်ခွာမှုများလာ

ဧပြီ ၉၊ VOR

ကရင်ပြည်နယ် မြဝတီမြို့ နေ ဒေသပြည်သူများသည် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုများလုပ်ဆောင်မည်ဟူသော သတင်းများကြောင့် မြို့ကို စွန့်ခွာကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများ ထံက သိရသည်။

မြဝတီမြို့ သင်ကန်းညီနောင် ဗျူဟာစခန်းနှင့် ခမရ ၃၅၇တပ်ရင်းများကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ၎င်း၏လက်အောက်ခံ စစ်သားနှင့် အရပ်ဖက်ဝန်ထမ်းများကို ထိုင်းနိုင်ငံ မဲဆောက်မြို့က တဆင့် ခေါ်ထုတ်ယူမည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

စစ်ကောင်စီက ၎င်းလက်အောက်ခံများကို ခေါ်ယူပြီးနောက် မြို့ကို ဗုံးကြဲလာနိုင်သဖြင့် ကြိုတင်တိမ်းရှောင်ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

” မြို့ခံတွေကတော့ မရှိသလောက်ဖြစ်နေပြီ တခြားက ရွှေ့ပြောင်းလာသူတွေလောက်ပဲရှိတော့တယ် ကျွန်တော်တို့လည်းခုပဲ မိသားစုလိုက်ပြောင်းတယ် ပစ္စည်းဥစ္စာထက် စစ်တပ်က ဗုံးကြဲရင် အသက်အန္တရာယ်စိုးရိမ်ရတာမို့ ကျွန်တော်တို့လဲပြောင်းရတာ “ဟု ဒေသခံတစ်ဦးက VORကိုပြောသည်။

မြိုပေါ်ရပ်ကွက် (၆)ခုရှိပြီး နီးစပ်ရာနေရာများနှင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပြောင်းရွှေ့ခိုလှုံနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းက မြဝတီမြို့အခြေစိုက် သင်္ကန်းညီနောင် ခမရ ၃၅၅၊ ခမရ ၃၅၆ တပ်ရင်းများကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ဧပြီ ၆ရက်နေ့က ခမရ ၃၅၇ဗျူဟာမှ ဗျူးဟာမှူး ဗိုလ်မှူးထွန်းထွန်းလတ်နှင့်တကွ လူ ၄၀၀ကျော် လက်နက်ချခဲ့သဖြင့် ၎င်းစခန်းကို သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိတွင် မြဝတီမြို့အဝင်က ခလရ (၂၇၅) တပ်ရင်း စွယ်တော်ကုန်းဗျူဟာ အထိုင်စခန်းသာ ကျန်ရှိကာ လာရောက်ပူးပေါင်းရန် ညှို့နှိုင်းနေကြောင်း သိရသည်။

မြဝတီမြို့ခံများ မြို့ကို စွန့်ခွာမှုများလာ

You may have missed