ဧပြီ ၉၊ VOR
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်သင်္ဃန်းညီနောင်တွင် ဇန်နဝါရီ ၂၉ ရက်က ကော်ဘရာစစ်ကြောင်းမှ ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ကော်ဘရာစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ဒါဘောက စစ်ဆေးနေသည့်ရုပ်သံ လူမှုကွန်ယက်တွင်ပျံ့နှံ့လာသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည့် ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိသည့် Eurocopter 365 စစ်ရဟတ်ယာဉ်ကို ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် မြ၀တီမြို့အနီး သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာရောက်စဉ် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးခဲ့သည်။
ခမရ ၃၅၅သို့ လာရောက်စစ်ဆေးသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်တစီး၏ လေယာဉ်မှူးကို ထိမှန်ကာ ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ကော်ဘရာစစ်ကြောင်း အပါအဝင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက်မှ ရဟတ်ယာဉ်ပျက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/VORLiveNews/videos/1200485947600773
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်