Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
July 8, 2025

ဩစတျေးလျ နိုင်ငံ၌ပြုလုပ်သော (၂၄)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲ သို့ NUG ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

ဩစတျေးလျ နိုင်ငံ၌ပြုလုပ်သော (၂၄)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲ သို့ NUG ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

ဧပြီ ၈၊ VOR

ဩစတျေးလျ နိုင်ငံ၌ပြုလုပ်သော (၂၄)ကြိမ်မြောက် ကယန်းအမျိုးသားနေနှင့် စစ်ဘေးရှောင်များအတွက် ရံပုံငွေရှာပွဲကို ဧပြီလ ၆ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုဝန်ကြီး ခွန်းဗဟန်းထန်မှ “ကယန်းလူမျိုးများအနေနဲ့ စစ်အာဏာရှင်တိုက်ထုတ်ရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိရေးတို့အတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ အင်တိုက်အားတိုက်ပါဝင်နေတာဖြစ်ပါကြောင်း၊ ကယန်းလူမျိုးများအနေဖြင့် ရှေးအဆက်ဆက် ပဒေသရာဇ်ခေတ်၊အင်္ဂလိပ်ကိုလိုနီ‌ခေတ်၊ ဂျပန်ခေတ်၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုမှစတင်ကာ ယခုလက်ရှိနွေဦးတော်လှန်ရေးအထိ အင်တိုက်အားတိုက် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူပါဝင်နေပါကြောင်း၊ တော်လှန်ရေး သုံးနှစ်ကျော်ကြာလာတာနဲ့အမျှ စိတ်ဓါတ်ကျခြင်းမရှိပဲ၊ မြေပြင်တွင် တိုက်ပွဲဝင်အသက်ပေးခဲ့ကြသည့်ရဲဘော်များ၊ အသက်ရှင်လျက် ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသည့် ရဲဘော်များ၊ ဒုက္ခအတိရောက်ရှိနေကြသည့် မိဘပြည်သူများအား ပြန်လည်အောက်မေ့သတိရပြီး စိတ်ဓါတ်ကို အမြင့်ဆုံးထားရှိကာ တော်လှန်ရေးကို ဆက်လက်ပါဝင်အားပေးကြဖို့ တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

ကယန်းအမျိုးသားတို့သည် နွေဦးတော်လှန်ရေးတွင် အခြားညီ‌နောင်တိုင်းရင်းသားများနဲ့အတူ အင်တိုက်အားတိုက် ပါဝင်ဆင်နွဲလျက်ရှိရာ မိမိတို့ ကယန်းအမျိုးသားနေ့နှင့် ယဉ်ကျေးမှုကို ဆက်လက်ထိမ်းသိမ်းနိုင်ရန်နှင့် ကယန်းဒေသတွင်ရှိသော စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့်ယခုအခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

You may have missed