ဧပြီ ၈၊ VOR
မွန်ပြည်နယ် ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ယနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားဆဲဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ယနေ့ သတင်းထုတ်ပြန်သည်။
အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မြန်မာနိုင်ငံလုံဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – (၁) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်ဒေါနတပ်ခွဲ(၆)၊ ထားဝယ်ခရိုင် တပ်ရင်း – ၁ (T1) ၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ – (၃)၊ Ye Air Force(YAF) စသည့် မဟာမိတ်ပူးပေါင်းတပ်များက ခရီးသွားပြည်သူများ လုံခြုံရေးအတွက် နေ့စဉ် တွေ့ဆုံစစ်ဆေးနေသလို မတ်လ ၁၉ ရက်နေ့မှစတင်ကာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့အထိ ဆက်လက်စိုးမိုးရယူထားဆဲဖြစ်ကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့က တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ စစ်တပ်၏ မလွှဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်ဖြင့် ဗုံးသီး ၂လုံးကြဲကာ တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲ မဖြစ်ပွားဘဲ K-8W Jet Fighter ၂ စီးနဲ့ ဟယ်လီကော်ပတာတစ်စီး (စုစုပေါင်း ၃စီး) အသုံးပြုပြီး ဗုံးသီး ၄၀ ခန့် ကြဲကာတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်မှ တော်လှန်ရေးအင်အားစုများထက် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများလည်း ကျူးလွန်နေတာကြောင့် မတ်လ ၃၁ ရက်နေ့ကစပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများကို မနက် (၆) နာရီကနေ ညနေ (၆) နာရီအထိသာ ခရီးသွားလာကြရန် သတိပေးထုတ်ပြန်ထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ