ဧပြီလ ၈၊ VOR
စစ်ကိုင်းတိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းရွာတွင် ခမရ (၃၆၉၊ ၃၇၀) နှင့် ပျူစောထီး ပူးပေါင်းအင်အား (၃၀၀) ကျော် အခြေပြုနေသော စခန်း (၄) ခုအား အောင်မြင်စွာ သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းများကို မတ်လ (၃၀) ရက်မှ ဧပြီလ (၇) ရက်အထိ အထူးလှုပ်ရှား တပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ (၉) ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်စခန်းများထံမှ လက်လုပ် သေနတ် အလက် (၂၀) အပါ လက်နက်ငယ်မျိုးစုံ (၁၃၁) လက်၊ ကျည်မျိုးစုံ (၁၃၀၀၀) ကျော်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ဗုံးသီးမျိုးစုံ (၄) လုံး၊ Drone Gun (၁) လက်၊ Station Jammer (၁) ခု၊ ဓားမျိုးစုံ (၃၀) ချောင်း၊ တရုတ် စကားပြောစက် (TSSD) (၁၆) လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ