ဧပြီ ၈၊ VOR
ကိုယ်ပိုင်ဒီဇိုင်းအသစ် ဒရုန်းများကို တီထွင်ထုတ်လုပ်၍ တိုက်ပွဲများတွင် အောင်မြင်စွာတိုက်ခိုက်နေပြီဖြစ်ကြောင်း Fedral Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါဒရုန်းများကို တိုက်ပွဲအတွေ့အကြုံ၊ မြေပြင်လိုအပ်ချက်များနှင့် ပြုလွယ်ပြင်လွယ်ကူစေရန်တို့ကို ပေါင်းစပ်ပြီး လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည့်အနေအထားကို FW R&D အဖွဲ့တွေက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ယခုကိုယ်ပိုင်ဒီဇိုင်းသစ်ဟာ တည်ဆောက်မှုပုံစံရိုးရှင်းပြီး တပ်ဆင်ရမြန်ဆန်လွယ်ကူတဲ့အပြင် ပါဝင်တဲ့အစိတ်အပိုင်းတွေနည်းပါးသွားတာကြောင့် ယခင်ကိုယ်ထည်များထက် ၂၅% ခန့် ပိုမိုပေါ့ပါးပါတယ်
လမ်းပန်းခက်ခဲတဲ့ဒေသတွေမှာ ကျောပိုးပြီးသယ်ဆောင်သွားလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က စိုက်ပျိုးရေးသုံးဒရုန်းကိုယ်ထည်တွေကို မှာယူပြီး တိုက်ပွဲတွင် အသုံးပြုရန် ထပ်ပိုးပြင်ဆင်ခဲ့ကြပြီ ထပ်ပိုးပြင်ဆင်ရာမှာ မလိုအပ်သည့်ထပ်တိုးအလေးချိန် များပြားခဲ့ရပြီး ဒရုန်းတစ်စင်းဆီကရသင့်သည့် စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင် ဖြစ်ခဲ့ကြကြောင်း အသိပေးထားသည်။
“ယခု ကိုယ်ပိုင်ဒီဇိုင်းအသစ်မှာ အဲ့ဒီအားနည်းချက်တွေအကုန်လုံးကို ပြင်ဆင်လိုက်နိုင်ပါပြီFW ဒရုန်းတွေရဲ့ ဆင့်ကဲ့တိုးတက်လာမှုတွေကို ပုံတွေမှာ ပြထားပေးပါတယ် ကျွန်တော်တို့တွေ အမြဲကြိုးစားနေပါတယ်
ဒီလိုကြိုးစားအားထုတ်မှုတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ နည်းပညာကိုအားပြုပြီး မြေပြင်ရဲဘော်တွေရဲ့အသက်ကို အတတ်နိုင်ဆုံးချွေတာဖို့နဲ့ ပြည်သူလူထုကိုမထိခိုက်စေဘဲ ရန်သူကို တိတိကျကျတိုက်ခိုက်နိုင်ဖို့ပါ” ဟု ဆိုသည်။
တိုက်ပွဲများ ဆက်တိုက် တိုက်ခိုက်နေသည့် အတွက် ဒီဇိုင်းအသစ်ဒရုန်းတစ်စင်းပျက်ကျပြီး စကစလက်ထဲရောက်ရှိပြီးဖြစ်သဖြင့် လျှို့ဝှက်အဆင့်အတန်းမှ လျှော့ချပြီး သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ