Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
March 25, 2025

ရဲတပ်သားတစ်ဦး မြိုင်ပကဖထံ လက်နက်များဖြင့်အလင်းဝင်၊ စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်မည်ဟု ဆို

ရဲတပ်သားတစ်ဦး မြိုင်ပကဖထံ လက်နက်များဖြင့်အလင်းဝင်၊ စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်မည်ဟု ဆို

ဧပြီ ၇၊ VOR

မြိုင်ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အသွင်ယူစဉ်က ချိတ်ဆက်ခဲ့သည့် ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာခဲ့ပြီး ထုတ်လုပ်ရေးစခန်းတွင် ဖောက်ခွဲရေးကိစ္စများ သင်ကြားပေးနေကြောင်း မြိုင် ပကဖထံက သိရသည်။

မတ်လ ၁၃ရက်နေ့တွင် ကမ္မအောက်ဆီဂျင်အဖွဲ့မှ ရဲဘော် ၁ဦးနှင့် မြိုင်ပကဖမှ ရဲဘော် ၁ဦးတို့၏ ယခင် အသွင်ယူခဲ့စဥ်က ချိတ်ဆက်ထားရှိခဲ့သော ရဲတပ်သား တိုးပြည့်ချမ်းသာသည် ဧပြီ ၄ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရသည်။

၎င်းနှင့်အတူ G-3 သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခုနှင့် ၎င်းကျည် (၁၀၅) တောင့်၊ စက်လက်သေနတ် (၁) လက်၊ ဘောက်ဝိုင်း (၁) ခု၊ ၎င်းကျည် (၅၀၃) တောင့်တို့ဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်ကာ အလင်း‌ဝင်ရောက်လာသဖြင့် ဆုကြေးငွေ ကျပ် သိန်း ၁၅၀ ဆုချီးမြှင့်ထားကြောင်း၊ ၎င်းအား လွတ်မြောက်နယ်မြေသို့ ပို့ဆောင်မည်ပြောဆိုရာတွင်လည်း သွားရောက်လိုခြင်း မရှိကြောင်း၊ စစ်ကောင်စီအား ပြန်လည်၍ ပူးပေါင်းတိုက်ခိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆို၍ ၎င်းအား ထုတ်လုပ်ရေးစခန်းတွင် ဖောက်ခွဲရေးကိစ္စများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

You may have missed