Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
November 7, 2025

၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကားများရရှိ

၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကားများရရှိ

ဧပြီ ၆၊ VOR

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်၏ ၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကားများရရှိကြောင်း‌ ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။

ယမန်နေ့ ဧပြီလ ၅ရက်နေ့တွင် သင်္ကန်းညီနောင် အခြေစိုက် စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းများကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိကြောင်း၊ ၁၂၀ မမ အမြောက်များအပါအဝင် လက်နက်ခဲယမ်းများ၊ စစ်ကားများလည်း အများအပြား ရရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်မှ လေကြောင်း လက်နက်ကြီးပစ်ကူ အများအပြား ပြုလုပ်ခဲ့ပြီး မြဝတီမြို့ ရပ်ကွက်များအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံနေအိမ်ခြံကွက်များမီးလောင်မှု ရှိခဲ့ကြောင်း သိရသည်။

You may have missed